Pages

0

Windows ကို ကလိနည်း...

Thursday 3 January 2013
Share this Article on :
Windows ကို ကလိနည်း...
ကလေးကလားလို့ တော့ မထင်ပါနဲ့ဗျာ .. Windows မှာ ပါတဲ့ Kidding လေးတွေကို စိတ်ဝင်စားတာတော့ အမှန်ပဲ    ဗျ .. ။ မသိသေးတဲ့ သူငယ်ချင်းတွေကို ကော်ဖီတစ်ခွက်ကြေး လောက် လောင်းလို့ ရတဲ့ ဂိမ်းလေးတွေပေါ့ဗျာ .. ။ ပထမဆုံးအနေနဲ့ Windows မှာပါလာတဲ့ Desktop hack လို့ ပြောရမှာပေါ့ .. အဲဒါလေး လုပ်ကြည့်မယ်နော် .. ။စမယ်နော် ..
Run မှာ cmd လို့ ရေးပြီး Enter နှိပ်။ ပေါ်လာတဲ့ cmd မှာ အောက်ပါ အတိုင်း ရိုက်ထည့်ပါ။
bubbles.scr /p65552 အလယ်မှာ space တစ်ချက်ကို တွေ့မှာပါနော် ... ရေးတာမှန်ရင် အောက်ပါပုံ အတိုင်း Desktop မှာ ပူစီဘောင်းလေးတွေ အများကြီး တက်လာပါတယ် .. ။

တော်တော်လှတယ်နော် ... အဲဒါကို ပြန်ပိတ်ဖို့ window key ကို နှိပ်ပြီး task bar မှာ R-Click လုပ် Task Manager ကို click လုပ်ပြီး ခေါ်ပါ။ ပြီးရင် bubble ကို R-Click နဲ့ End task ပေးလိုက်ပါ။

အဲဒီ cmd မှာပဲ ribbons.scr /p65552 လို့ ထပ်ရိုက်ထည့်လိုက်ပါ။ အောက်ပါအတိုင်း အလင်းတန်း လေးတွေ ပြေးနေတာကို တွေ့ပါလိမ့်မယ်။
အရင်နည်း အတိုင်းပဲ ပြန်ပိတ်လိုက်ပါ။


Artikel Terkait:

0 comments:

Post a Comment